မန္တလေး ဇူလိုင် ၁၀
မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၅လမ်း၊ ၃၂လမ်းနှင့် ၃၃လမ်းကြားရှိ ထရံကာ၊ သွပ်မိုး၊ ပျဉ်ခင်း နေအိမ်ရှိ ထမင်း၊ ဟင်းချက်ပြုတ်သည့် နေရာတွင် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၉နာရီ ၄၇မိနစ်က ဟင်းချက်သည့် ဒယ်နီအိုးအား မီးပလပ်တပ်ထားခဲ့ရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်း မီးလောင်မှုအား Level - 1အဆင့်ရှိပြီး မီးသတ်ယာဉ် ၁၀ စီး၊ ရေသယ်ယာဉ် ၅ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီး၊ မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၃၀ ဦး၊ အရန် ၇၀ ဦး နှင့် ရပ်ကွက်နေပြည်သူများမှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ နံနက် ၉နာရီ ၅၇မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀နာရီ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်