ချောင်းဆုံ ဇူလိုင် ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မိုးလုံလေလုံအားကစားရုံ တွင် ကိုဗစ်-၁၉ Positive လူနာထားရှိရန် ပြင်ဆင်ဆောင်ရွက်မှုများကိုယမန်နေ့ ညနေပိုင်းက စတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ Positive လူနာကို မြို့နယ်ဆေးရုံတွင် (၄၆)ဦး၊ မုရစ်ကလေးတိုက်နယ် ဆေးရုံတွင် (၁၀)ဦး၊ ကညှော်တိုက်နယ်ဆေးရုံတွင် (၅)ဦး၊ ရွာလွတ်တိုက်နယ်ဆေးရုံတွင် (၈)ဦး စုစုပေါင်း (၆၉)ဦး အား မြို့နယ် အတွင်းရှိ ဆေးရုံ(၄)ရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် လျက် ရှိကြောင်း၊ ယခုအချိန် ကာလအတွင်း ရောဂါပိုးတွေ့ရှိသူများပြားလာခြင်း ကြောင့် Positive လူနာထားရှိရန် အတွက်လိုအပ်ပါက အသုံးပြုနိုင်ရန် မြို့နယ်မိုးလုံလေလုံအားကစားရုံတွင် လူနာ(၆၄)ဦးစာထားရှိရန် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်ထား ကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှသိရသည်။