မချမ်းဘော့ ဇူလိုင် ၁၀
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရန်၊ ကူးစက်ပျံ့နှံ့မှုကင်းဝေးစေရန်ရည်ရွယ်၍ Mask Campaignပြုလုပ်ခြင်းနှင့် ဌာနဆိုင်ရာရုံးများတွင် ကိုဗစ်-၁၉ ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့နံနက် ၁၀နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝေယံမင်းသွင်နှင့် အဖွဲ့၀င်များ၊ ကျန်းမာရေးဌာနတို့၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ပြည်ထောင်စုလမ်းမတွင် လမ်းသွား လမ်းလာပြည်သူများအား Mask အခမဲ့တပ်ဆင်စေခြင်း Mask Campaign ကိုပြုလုပ်ဆောင်ရွက်ပြီး မီးသတ်တပ်ဖွဲ့၀င်များက PPE ၀တ်စုံကို စနစ်တကျ ၀တ်ဆင်၍ မချမ်းဘော့မြို့နယ်ရှိဌာနဆိုင်ရာရုံးများတွင် ကိုဗစ်-၁၉ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။