သီပေါမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ဘော်ကြိုမုဌောစေတီတော်ကြီးအား ဖူးမြော်ခွင့် ယာယီပိတ်ထား

သီပေါ ဇူလိုင် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ် ဘော်ကြိုကျေးရွာရှိ ရှေးဟောင်း သမိုင်းဝင် ဘော်ကြိုမုဌောစေတီတော်ကြီးအား ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ဇူလိုင်လ ၁၁ရက်နေ့မှစတင်၍ ဖူးမြော်ကြည်ညိုခွင့်ကို ယာယီပိတ်ထားကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ခရီးသွားဧည့်သည်များ၊ ဒေသခံဘုရားဖူး ပြည်သူများ အများဆုံးလာရောက်ပူဇော်ကန်တော့ဖူးမြော် ကြည်ညိုလည်ပတ်လျက်ရှိသည့် ဘုရားကြီး ဖြစ်ခြင်းကြောင့် မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ဘုရားကြီးဂေါပကအဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်အရ ဖူးမြော်ခွင့်ယာယီပိတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ခင်လေး