ပင်လောင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ပင်လောင်း ဇူလိုင် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့အဝင် ပင်လောင်း-ပျဉ်းမနား- လွိုင်ကော်လမ်းခွဲ ရင်းမှီးရပ်ကွက် စုပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ် - ၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းကို နေ့စဉ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်သည် ပျဉ်းမနားမှ ပင်လောင်း မြို့အဝင်လမ်းနှင့် လွိုင်ကော်မှ ပင်လောင်းမြို့အဝင်လမ်း ဖြစ်သည့်အတွက် ယာဉ်ကြီး ယာဉ်ငယ်များ၊ ဒေသခံပြည်သူများ ဝင်ထွက်သွားလာမှုရှိပြီး ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်းကြားချက်များနှင့်အညီ ပြည်သူလူထုများအား ကိုဗစ် -၁၉ ရောဂါကာကွယ် တားဆီးရေး အသိပညာပေးလုပ်ငန်းများနှင့် နှာခေါင်းစည်းတပ်ဆင်အသုံးပြုစေခြင်း၊ အပူချိန် တိုင်းတာပေးခြင်း လုပ်ငန်းများကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အဆိုပါ စစ်ဆေးရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)