ချင်းရွှေဟော် ဇူလိုင် ၁၃
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့်ထိတွေ့ခဲ့ကြသည့် ပြည်သူများကို လုပ်ထုံးလုပ်နည်း နှင့်အညီ ရွေ့လျားရှာဖွေစနစ် ဖြင့် ကိုဗစ် -၁၉ရောဂါပိုးရှိ/မရှိ Swab နမူနာများရယူ၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ယနေ့ နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသမီး(၄)ဦး နှင့် အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား(၁၆)ဦး၊ အမျိုးသမီး(၉)ဦး၊ စုစုပေါင်း(၂၉)ဦးတို့ထံတွင် ကိုဗစ်-၁၉ရောဂါပိုးထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့ရှိလူနာအား ဆေးကုသမှုခံယူနိုင်ရန်အတွက် ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသ ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင် နှင့်ကော်မတီအဖွဲ့ဝင်များက အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ၊ Quarantine စင်တာ သို့ပြောင်းရွှေ့ ပို့ဆောင်ထားပြီး ၎င်းနှင့်ထိတွေ့ခဲ့ကြသူများအား အသွားအလာကန့်သတ်စောင့်ကြည့်နိုင်ရန် Home Quarantine ထားရှိပြီး ၎င်းတို့နေထိုင်သည့်နေရာများအား အသွားအလာကန့်သတ်ထား၍ ပိုးသတ်ဆေးဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းရွှေဟော်မြို့တွင် ဇွန်လ(၂၃)ရက်မှ ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာ(၇၀)ဦးထိ ရှိပြီဖြစ်ကြောင်း နှင့် သေဆုံးသူ(၁)ဦးရှိကြောင်း ချင်းရွှေဟော်မြို့၊ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)