နောင်ချိုမြို့ စေတနာမွန်လူမှုကူညီရေးအသင်းနှင့်ဖြူစင်မေတ္တာလူမှုကူညီရေးအသင်းသို့ အလှူငွေများလှူဒါန်း

နောင်ချို ဇူလိုင် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ နောင်ချိုမြို့နယ် စေတနာမွန် လူမှုကူညီရေးအသင်းနှင့် ဖြူစင်မေတ္တာလူမှု ကူညီရေးအသင်းသို့ အလှူငွေများ လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က အလှူရှင် ဦးကျော်ဇော်လင်း မိသားစု နှင့် ရတနာမူကြို ၊ ရတနာ ကိုယ်ပိုင်ကျောင်း မိသားစုတို့မှ အလှူငွေများကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် နောင်ချိုမြို့ဈေးရပ်ကွက်နေ ဦးကျော်ဇော်လင်း+ဒေါ်နှင်းရီ မိသားစုမှ အလှူငွေကျပ် နှစ်သိန်း ၊ ဘူတာရပ်ကွက် ရတနာမူကြို၊ ရတနာ ကိုယ်ပိုင်ကျောင်း မိသားစုမှ အလှူငွေ ကျပ် နှစ်သိန်း တို့ကို လှူဒါန်းပေးခဲ့ရာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

စေတနာမွန် လူမှုကူညီရေးအသင်းနှင့် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းသို့ အလှူရှင်များမှ အခါအားလျော်စွာ အလှူငွေများ လှူဒါန်းပေးလျက်ရှိပြီး အဆိုပါအသင်းများမှလည်း မြို့နယ်၏ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၊ သာရေး၊ နာရေး၊ လူမှုရေးကိစ္စများတွင် စွမ်းစွမ်းတမံ လိုအပ်သလို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ထွေးငယ်