သတင်းများ

မြိတ်မြို့တွင် ကိုဗစ်-၁၉ ကင်းဝေးပပျောက်စေရေးအတွက် ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ပြီး ပရိတ်ရေများပက်ဖျန်း
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကင်းဝေးပပျောက်စေရေးအတွက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဆရာတော် သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ် တရားတော်များကို ယမန်နေ့ နေ့လယ်(၂)နာရီမှစတင်ကာ မြို့ကျက်သရေဆောင် လေးကျွန်း ဆီမီးစေတီနှင့် ရပ်ကွက်/ကျေးရွာများသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ပွားချီးမြှင့် ခဲ့ကြသည်။
မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်းများနှင့် ဘုန်းကြီးကျောင်းများသို့ Oxygen Concentrator အလုံး ၄၅၀ လှူဒါန်း
Jul 26,2021
မန္တလေး ယူနန်ဗုဒ္ဓဘာသာ ဘုရားကျောင်းမှ အထက်မြန်မာပြည်ရှိ ဆေးရုံများ၊ ပရဟိတအသင်း များနှင့် ဘုန်းကြီးကျောင်းများသို့ တစ်လုံးလျှင် ၉သိန်း ၆သောင်းတန် Oxygen Concentrator အလုံး ၄၅၀ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အသိပညာပေးခြင်းဆောင်ရွက်
Jul 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ အသိပညာပေးခြင်းကို ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
သဲကုန်းမြို့နယ်၌ Quarantine Centre များတွင် Volunteer ဆောင်ရွက်နေသူများအား ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့်ထောက်ပံ့ငွေများပေးအပ်
Jul 26,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ Quarantine Centre များတွင် Volunteer အဖြစ် ဆောင်ရွက်နေသူများအား ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
လားရှိုးမြို့၊ ငွေရည်ပုလဲကုမ္ပဏီအုပ်စုမှ လှူဒါန်းထားသော ကျပ်သိန်း(၃၅၀၀)တန်ဖိုးရှိ Oxygen Plant စတင်လည်ပတ်
Jul 26,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွက် ငွေရည်ပုလဲကုမ္ပဏီအုပ်စုမှ လှူဒါန်းထားသော Oxygen Plant အား လားရှိုးမြို့ ၊ လေယာဉ်ကွင်းလမ်း၊ စွမ်းထက်ရေဆေးဆီလိုက် ခြံဝန်းအတွင်း တပ်ဆင် ထား ရှိပြီး ယမန်နေ့၊ ညနေပိုင်းအချိန်မှ စ၍ စတင်လည်ပတ်အသုံးပြုနိုင်ပြီဖြစ်သည်။