သတင်းများ

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာပေးခြင်းဆောင်ရွက်
Jul 27,2021
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်တွင် နေထိုင်ရေး Stay At Home အစီအစဉ်တွင် ပါဝင်လာပြီး နေအိမ်ပြင်ပထွက်သွားလာခွင့်ရှိသူများ အား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်၍ ဌာနဆိုင်ရာများစုပေါင်းကာ ဇူလိုင် ၂၆ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့၌ Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးကို ဆောင်ရွက် ခဲ့ကြသည်။
မြိတ်ပြည်သူ့ဆေးရုံတွင် တပ်ဆင်မည့် Oxygen Plant စက် ဩဂုတ်လတွင် မြိတ်မြို့သို့ ရောက်ရှိ တပ်ဆင်မည်
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ဝေဒနာရှင်များ အသုံးပြုရန်အတွက်  Oxygen Plant စက်ကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အထောက်အကူပြု ကော်မတီမှ တရုတ်နိုင်ငံသို့ မှာယူထားရှိပြီး ဩဂုတ်လအတွင်း မြိတ်မြို့သို့ ရောက်ရှိလာမည်ဖြစ်ကာ ပြည်သူ့ဆေးရုံတွင် တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မုဒုံမြို့နယ်၌ အောက်ဆီဂျင်စက်ကို သြဂုတ်လကုန်ပိုင်းတွင် စတင်တပ်ဆင်မည်
Jul 27,2021
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အခြားရောဂါလူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှု အခက်အခဲမဖြစ်ပေါ်စေရန် ရည်ရွယ်၍ အောက်ဆီဂျင်စက်ရုံကို ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ မြေနေရာ ပေ(၆၀×၈၀)၌ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ကဒက်ကြီးကျေးရွာနှင့် ဝက်သားကင်ကျေးရွာသွားသည့် လမ်းမပေါ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်မီးတိုင်သုံးတိုင် လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွား
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကဒက်ကြီးကျေရွာနှင့် ဝက်သားကင်ကျေးရွာသို့သွားသည့် ရွာလမ်းမ၌ ယနေ့နံနက် (၆:၄၀) အချိန် က လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်သုံးတိုင်လဲကျ၍ လမ်းပိတ်နေကြောင်း သိရသည်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ အုပ်စု၊အင်ဂနီတွင်းကျေးရွာတွင် မြေပြိုဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်များအတွက် ထောက်ပံ့ငွေများပေးအပ်
Jul 27,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ အုပ်စု၊ အင်ဂနီတွင်း ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြေပြိုဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၏ အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး Liquid Oxygen Tank Station စတင်တပ်ဆင်တည်ဆောက်
Jul 27,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အားကစားနှင့်ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်သော Liquid Oxygen Tank Station တစ်ခုကို ယမန်နေ့နံနက်ပိုင်းအချိန် က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး ဝန်းအတွင်း၌ စတင်တပ်ဆင်တည် ဆောက်နေပြီဖြစ်ကြောင်း သိရသည်။
စစ်တွေမြို့၌ ဝင်ငွေနည်းသော ဆင်းရဲသားလူတန်းစားများအား လူမှုရေးအဖွဲ့အစည်းများစုပေါင်းထောက်ပံ့
Jul 27,2021
စစ်တွေမြို့၌ ဝင်ငွေနည်းသော ဆင်းရဲသားလူတန်းစားများအား လူမှုရေးအဖွဲ့အစည်းများ စုပေါင်း၍ “ကိုဗစ်-၁၉ ကာလာစားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေရသော ဆင်းရဲသားများ ထောက်ပံ့ ရေးကော်မတီ” ဖွဲ့စည်းကာ ယမန်နေ့မှ စတင်ပြီးထောက်ပံ့ပေး လျက်ရှိကြောင်းသိရသည်။
မုဒုံမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်
Jul 27,2021
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအတွက် ယမန်နေ့ညနေ ၃ နာရီက ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မုဒုံမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။