ရန်ကင်း ဇူလိုင် ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ် (၁၁)ရပ်ကွက် မီးသတ်စခန်း၌ ယနေ့နံနက် ၈နာရီမှစ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်မှုဖြင့်အောက်ဆီဂျင်များအခမဲ့ဖြန့်ဝေပေးလျှက်ရရှိကြောင်းသိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ရန်ကင်းမြို့နယ်အတွက် အောက်ဆီဂျင်လီတာ ၄၀ အိုး ၁၀ အိုးရရှိခဲ့ရာ ၁၀လီတာအိုး၊ ၁၅လီတာအိုးသေးများအတွင်းသို့ သွင်း၍တန်းစီဇယားအတိုင်း မြို့နယ်အတွင်း နေထိုင်သူများအမှန်တကယ် လိုအပ်သောကိုဗစ်၁၉ရောဂါဝေသနာရှင်များအတွက်သက်ဆိုင်ရာရပ်ကွက်ထောက်ခံချက်နှင့်အတူ အောက်ဆီဂျင်ထုတ်ယူရာတွင် ယူဆောင်လာရမည့် စာရွက်စာတမ်းများ၊ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးခဲ့ကြောင်းသိရသည်။
ထို့အပြင်အမှန်တကယ် အရေးပေါ်လူနာအခြေအနေဖြစ်ပေါ်နေပြီး အောက်ဆီဂျင်ထုတ်ယူရန် သက်ဆိုင်ရာ စာရွက်စာတမ်း ယူဆောင်ရန်အခက်အခဲဖြစ်ပေါ်နေပါ ကဖြေလျှော့စိစစ်ပြီးအောက်ဆီဂျင် ထုတ်ဝေပေး မည်ဖြစ်ကြောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှသိရသည်။
လှလှထွေး