သတင်းများ

မေတ္တာမြို့ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မေတ္တာ-ထားဝယ် လမ်းပိုင်းအတွင်းရှိ လမ်းများရေကြီးရေလျှံမှုနှင့် ပျက်စီးမှုရှိမရှိကွင်းဆင်းစစ်ဆေး
Jul 26,2021
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မေတ္တာမြို့တွင်မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ထားဝယ်-မေတ္တာလမ်းပိုင်းအတွင်းရှိ လမ်းများရေကြီးရေလျှံမှုနှင့် ပျက်စီးမှုရှိ/မရှိ ယမန်နေ့နံနက်၁၀နာရီအချိန်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ပေါက်ခေါင်းမြို့တွင် ဆီမီးလော့ဒေါင်းဆောင်ရွက်ထားချိန် အပြင်ထွက်သွားလာသူများရှိ/မရှိ စစ်ဆေးဆောင်ရွက်
Jul 26,2021
ပေါက်ခေါင်းမြို့တွင် ဇူလိုင်လ ၁၇ရက်နေ့မှ ဩဂုတ်လ၁ ရက်နေ့အထိ နေ့လည် ၁၂နာရီမှ နောက်တစ်နေ့နံနက် ၄နာရီအချိန်ထိ အသွားအလာကန့်သတ်ထားပြီး မွန်းလွဲ ၁၂ နာရီအချိန်နောက်ပိုင်း သွားလာခြင်းမပြုရန် စိစစ်ကြပ်မတ်ထားရာ ယမန်နေ့ မွန်းလွဲ ၂နာရီက အပြင်ထွက်သွားလာသူများအား တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါသံသယရှိသူလူနာများအတွက်ကုသရေး စင်တာပြင်ဆင် ဆောင်ရွက်
Jul 26,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ၌ ကိုဗစ် -၁၉ သံသယရှိသူ အနံ့ပျောက် လူနာများတွေ့ရှိလာပါက သီးသန့်ထားရှိရန် နေရာအခက်အခဲ မရှိစေရေးအတွက် ယမန်နေ့ နံနက်က(၈)နာရီခန့်တွင် အမာမြို့၊ ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီနှင့်အမာမြို့၊ ဖြူစင်မေတ္တာပရဟိတအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားသော တန်ဖိုးရှိသော တွဲလက်များ အဖွဲ့က အမာမြို့(၃)ရပ်ကွက်ရှိ ရှယ်လ်တာအဆောက်အဦကို ပြင်ဆင်ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကိုဗစ်-၁၉ ရောဂါ လှည့်လည်စစ်ဆေးယာဉ်ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေး
Jul 26,2021
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးဗိုလ်ဌေး ဦးဆောင် လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရုံးတွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများနှင့် မှီခိုသူများအတွက် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြုလုပ်ခြင်းကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်၌ ဆောင်ရွက်ခဲ့ကြသည်။
ကလေးမြို့တွင် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေမှု ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်
Jul 26,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါတုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကလေးမြို့တွင် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကူးစက်ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်းများနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင် သွားလာရေး Mask Campaign လှုပ်ရှားမှုကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ဆောင်ရွက်ခဲ့ကြသည်။
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ကိုဗစ်-၁၉ အထောက်အကူပြု လိုအပ်သည့် ​အောက်စီဂျင်များ ​ပေးအပ်လှူဒါန်းမှု လက်ခံခြင်းနှင့် ပိုး​တွေ့လူနာ ကူညီ​ပေးသူများကို ​ထောက်ပံ့​ရေးပစ္စည်းပေးအပ်
Jul 26,2021
မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့် ကောင်စီဝင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်​နေ့နံနက်၉နာရီခွဲက ​မော်လမြိုင်မြို့၊ ​ကျောက်တန်းစက်ရုံစု၌ ကိုဗစ်-၁၉ ပိုး​တွေ့လူနာများအတွက် လိုအပ်သည့် ​အောက်စီဂျင် အရည် များကို ကျန်းမာ​ရေးနှင့် အားကစားဝန်ကြီးဌာန၏ စီစဉ်​မှုဖြင့် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီမှ​ဆောင်ရွက်​သည့် မွန်ပြည်နယ်အတွက် ပထမဦးဆုံးအကြိမ် Liquid Oxygen (၅)တန်ဆန့်ယာဉ်အား ကိုးကန့်လူမှုဖွံ့ဖြိုး​ရေးအသင်းမှ လှူဒါန်းမှုကို လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ​ပြန်လည်​ပေးအပ်ခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အောက်ဆီဂျင်များကို အမှန်တကယ် လိုအပ် နေသူများထံ လက်ဝယ်ရရှိရေးအတွက် အခမဲ့ဖြန့်ဖြူးပေးခြင်းများ စတင်ဆောင်ရွက်ပေး
Jul 26,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သော ပြည်သူများအနေဖြင့် အောက်ဆီဂျင် ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေ ရေးနှင့် အမှန်တကယ် လိုအပ်နေသူများ လက်ဝယ်ရရှိစေရေးတို့အတွက် ယမန်နေ့ ည ၉ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန တွင် တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ကြာအင်းဆိပ်ကြီးမြို့၌ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက် ကုန်များ ထောက်ပံ့လှူဒါန်း
Jul 26,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ဇူလိုင်လ(၁၈)ရက်နေ့မှ စတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်အတွင်းသို့ စီးဝင်လျက်ရှိသည့် ချောင်းလက် တက်များနှင့် ဇမိမြစ်ရေလျှံမှုဖြစ်ပေါ်ပြီး မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အမှတ်(၆)ရပ်ကွက် မြေနိမ့်ပိုင်း၌ နေထိုင်သည့် လူနေအိမ်များသို့ ရေများဝင်ရောက် နစ်မြုပ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်ပွားမှုကြောင့် အိမ်ထောင်စု (၈၈)စုမှာ ရေဘေးရှောင် စခန်းသို့ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ယာယီရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း သိရသည်။