နွားထိုးကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများအား အသိပေး နှိုးဆော်

 

နွားထိုးကြီး၊ ဇူလိုင် ၂၆

 

နွားထိုးကြီးမို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုမရှိစေရန် လိုက်နာဆောင်ရွက်ရမည့်နည်း လမ်းများအား ပြည်သူများသိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၅နာရီက မြို့ပေါ် ရပ်ကွက်(၈)ရပ်ကွက်ရှိ လမ်းဆုံလမ်းခွ များနှင့်လူစည်ကား ရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါ ဟူ သည့်ဆောင်ပုဒ် နှင့်အညီ နေအိမ်ပြင်ပထွက်လျှင်မဖြစ်မနေ ပါးစပ်နှာခေါင်းစည်း စနစ်တကျတပ်ဆင် ရေး၊တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ကြစေရေး၊လူစုလူဝေးရှောင်စေရေး၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏစနစ်တကျ ဆေးကြောကြစေရေး ၊ပါးစပ်နှာခေါင်းစည်းများ တပ်ဆင်မထား သော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြစေရေး၊တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး သတိပေးကြစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းများအလိုက် ကိုဗစ် -၁၉ရောဂါ ကာကွယ် ရေးအတွက် ထုတ်ပြန်ထားသည့် လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာလျုက်နာဆောင်ရွက် ရေးနှင့်ကိုရိုနာဗိုင်းရပ်စ် ရောဂါ သံသယလက္ခဏာပေါ်ပေါက်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများ သို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကုစေရေးစည့် အချက်များအားပြည်သူများသိစေ ရန်  အသိပေးလိုက်လံနှိုးဆော်ပေးခဲ့သည်။

 

အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆောမျုများ ဆောင်ရွက်ခြင်း လုပ်ငန်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့နှင့်ဘေးစီမံတို့ ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

 

သန်းအောင်ဇော်