သဲကုန်း ဇူလိုင် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ Quarantine Centre များတွင် Volunteer အဖြစ် ဆောင်ရွက်နေသူများအား ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးက အမှာစကားပြောကြားပြီးနောက် Volunteer များအတွက် PPE ဝတ်စုံများ၊N95 Maskများ၊Surgical Mask များနှင့် Volunteer(၇၁)ဦးအတွက် တစ်နေ့လျှင်တစ်ဦး ၄၀၀၀/ကျပ်နှုန်းဖြင့် (၁၀)ရက်စာ(၂၈၄၀၀၀၀)ကျပ်ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး အောင်ဝင်းထွန်းတို့မှ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
နိုင်လင်း