လားရှိုး ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့အတွက် ငွေရည်ပုလဲကုမ္ပဏီအုပ်စုမှ လှူဒါန်းထားသော Oxygen Plant အား လားရှိုးမြို့ ၊ လေယာဉ်ကွင်းလမ်း၊ စွမ်းထက်ရေဆေးဆီလိုက် ခြံဝန်းအတွင်း တပ်ဆင် ထား ရှိပြီး ယမန်နေ့၊ ညနေပိုင်းအချိန်မှ စ၍ စတင်လည်ပတ်အသုံးပြုနိုင်ပြီဖြစ်သည်။
ယင်းကဲ့သို့ ကနဦးလည်ပတ်အသုံးပြုနေမှုကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး၊ ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ က ဦးမျိုးမင်းထွန်း ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦး၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက် ကြည့်ရှုအားပေးကာ Oxygen Plant တပ်ဆင်သည့်အဖွဲ့များ၊ Oxygen Plant ကိုတာဝန်ယူ လည်ပတ်မည့်စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ Oxygen Plant သည် တစ်ကြိမ်လျင် အောက်ဆီဂျင်အိုး (၁၁)လုံးတစ်ပြိုင်နက်တည်း ဖြည့်ပေးနိုင်ကာ တစ်နေ့လျင် 40L အိုး အလုံး(၂၀၀)ခန့် ဖြည့်ပေးနိုင်ပြီး လားရှိုးမြို့ ပြည်သူ့ဆေးရုံက ိုဗစ်-၁၉ရောဂါ ကုသရေးစင်တာ၊ ပညာရေး ကောလိပ်ကိုဗစ်-၁၉ ကုသရေးစင်တာနှင့် ပြည်သူလူထုများ အတွက် အခမဲ့ဖြည့်တင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဥမ္မာချို