တန့်ယန်း ဇူလိုင် ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်နေရာ အသံချဲ့စက်ဖြင့် မြို့တွင်းလှည့်လည်၍ အသိပညာပေးခြင်းကို ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူးထွန်းနိုင်ဦးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအား သိရှိလိုက်နာနိုင်ရန် စည်းကမ်းချက်များ၊ ကူးစက်ပျံ့နှံမှု မရှိစေရန်အတွက် လူစုလူဝေးရှောင်ရှားစေရေး၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျဆေးကြောရေး၊ အိမ်အပြင်ထွက် သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရေးတို့အား မြန်မာဘာသာ၊ ရှမ်းဘာသာဖြင့် မြို့တွင်း ရပ်ကွက်တိုင်းသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းအား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး