အုတ်တွင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေး
Aug 01,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ဒေသခံပြည်သူများအား ဇူလိုင်လ ၃၁ရက်နေ့မှစတင်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက စျေးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၊ ကျွဲပွဲအခြေခံပညာအထက်တန်းကျောင်း တို့တွင် ယမန်နေ့နံနက်(၇)နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခဲ့ ကြောင်းသိရသည်။