လဲချားမြို့နယ်တွင် အသက်(၆၅)နှစ်အထက်ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

လဲချား  ဩဂုတ်  ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အသက်(၆၅)နှစ် အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်   ထိုးနှံပေးခဲ့သည်။

ထိုသို့ ဆေးထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျရှိစေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် မြို့နယ်ကျန်းမာရေးဌာနဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်မှ ကာကွယ်ဆေးထိုးရန် လာရောက်သော  အသက် (၆၅)နှစ်အထက် ဘိုးဘွားများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးပြီး ကျန်းမာရေးကောင်းမွန်သူများကို စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)