ငရုတ်ကောင်းမြို့တွင် အသက် (၆၅) နှစ်အထက် သက်ကြီးပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး

ငရုတ်ကောင်း  ဩဂုတ်  ၁

ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့ အ.ထ.က‌ကျောင်းနှင့် တင်းချောင်း ကျေးရွာအုပ်စု ငရုတ်ကောင်းတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့တွင် ယနေ့နံနက်မှစ၍ (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို  အသက်(၆၅) နှစ်အထက် သက်ကြီးများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို စုရပ် (၄)နေရာခွဲပြီး ကြီးကြပ်အဖွဲ့ (၄)ဖွဲ့ဖြင့် ထိုးနှံပေးသွားမည်ဖြစ်သည်။ ငရုတ်ကောင်းမြို့အတွက် ဆေးအလုံးရေ (၁၅၄)လုံး ရရှိပြီး ၁ လုံးကို(၂)ဦးထိုးနှံသွားမည်ဖြစ်ကြောင်းနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးများကိုသာ ဦးစားပေးထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)