ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပုသိမ်ကြီး   ဩဂုတ်  ၁

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ပြည်သူများအား  မြို့နယ်၏ အပိုင်းအလိုက် နေရာ ၄ နေရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၁နာရီက ကြာနီကန်ကျေးရွာ၌ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် နေရာများမှာ ပုသိမ်ကြီးမြို့နယ်ပြည်သူ့ဆေးရုံ၊ ကျောက်မီးတိုက်နယ်ဆေးရုံ၊ ကြာနီကန်ကျေးရွာနှင့် သရက်တပင်ကျေးလက်ကျန်းမာရေးဌာနခွဲ တို့၌ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက အသက်၆၅ နှစ်အထက် ပြည်သူများအား ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆန်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။ ယနေ့ ကြာနီကန်ကျေးရွာတွင် အသက်၆၅နှစ်အထက် အဘိုး ၄၅ ဦး၊ အဘွား ၄၁ ဦး စုစုပေါင်း ၈၆ဦးအား ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်