ကံမမြို့နယ်တွင် ပြည်သူ ၄၀၉၅ ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Aug 10,2021
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinopharm)ကို ပြည်သူများအား ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအထိ ပြည်သူ ၄၀၉၅ ဦးအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီး ကံမကျန်းမာရေးဌာန၊ ရေနံ့သာတိုက်နယ် ကျန်းမာရေးဌာနခွဲ၊ ကျောက်စောင်း ကျန်းမာရေးဌာနခွဲ၊ အင်းဘဲကျန်းမာရေးဌာနခွဲ၊ ကြို့ပင်ကျန်းမာရေးဌာနခွဲနှင့် စစ္စရံ ကျန်းမာရေး ဌာနခွဲ တို့တွင် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။