ရွှေကျင်မြို့နယ် ညောင်ဝိုင်း/တရုတ္တန်းရပ်ကွက် မှအခြေခံမိသားစုများအား ဆန် လှူဒါန်းပေး

ရွှေကျင် ဩဂုတ် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်ဝိုင်း/တရုတ္တန်းရပ်ကွက်မှအခြေခံလူတန်းစား မိသားစု များအားယနေ့ နံနက်ပိုင်းက လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေ သော ကာလအတွင်း အခြေခံလူတန်းစားများ၏ စားသောက်ရေး အခက်အခဲရှိသော အိမ်ထောင်စု များသို့ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်များကိုထောက်ပံ့လှူဒါန်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင် ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက်ရှိ ကိုချန်ကြီး(မိသားစု) (Mobile Lover) ဖုန်းဆိုင်မှ ညောင်ဝိုင်း/တရုတ္တန်းရပ်ကွက်အတွင်း စားသောက်ရေးအခက်အခဲရှိသော အခြေခံ လူတန်းစား များအား အိမ်ထောင်စု () စုလျှင် ဆန် () ပြည်အိတ်တစ်အိတ်နှုန်းဖြင့် အိမ်ထောင်စု (၂၅၀)စုအား ထောက်ပံ့ လှူဒါန်း ပေးရာ(Mobile Lover) ဖုန်းဆိုင်ဝန်ထမ်းများက အိမ်ထောင်စုအလိုက် သွားရောက် လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။

ထွန်းထွန်းဇော်