ဘုတလင်၊ သြဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ သံဃာတော် ဆရာတော်ကြီးများ၊ အသက်(၆၅) နှစ်နှင့် အထက်ဘိုးဘွားများနှင့်ပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm)ကို သြဂုတ်လ ၉ ရက်နေ့တွင် မြို့နယ်အတွင်းရှိ ပြည်သူ့အားကစား ခန်းမနှင့်ပြည်သူ့ဝန်ဆောင်မှုရုံး (OSS)ရုံး တို့တွင်ဆက်လက်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
ဘုတလင်မြို့နယ်အတွင်းရှိသံဃာတော် ဆရာတော်ကြီးများ/ သီလရှင်များ(၈)ပါး၊ အသက်(၆၅)နှစ်နှင့် အထက်ဘိုးဘွား(၄၇)ဦး၊ နိုင်ငံ့ဝန်ထမ်း(၃)ဦး၊ နိုင်ငံဝန်ထမ်းမိသာပရဟိတ အသင်းများမှ (volunteer) (၁၀)ဦး၊ ပုဂ္ဂလိကစက်ရုံများမှ ဝန်ထမ်း(၃၂)ဦး၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်း(၁၅)ဦး၊ ဈေးသူ၊ ဈေးသား ပြည်သူများ(၄၃)ဦး၊ စုစုပေါင်း (၁၅၈)ဦးတို့ကို မြို့နယ်ကုသရေးဦးစီးဌာန ကာကွယ်ဆေးထိုးအဖွဲ့များက ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး (SinoPharm)များဆက်လက် ထိုးနှံပေးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(SinoPharm) ကာကွယ်ဆေးများစနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး ဆေးရရှိမှုမှာ ဆေးအလုံးရေ(၁၅၀၀)ရရှိပြီး ဆေးသုံးစွဲမှူမှာ လူဦးရရေ(၃၀၀၀)ထိုးနှံသုံးစွဲခဲ့ကြောင်း မြို့နယ်ကိုဗစ် ကော်မတီထံမှသိရသည်။
နှင်းယုအေး(ဘုတလင်)