ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 11,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများ၊ ရဟန်းသံဃာများ၊ သာသနာ့ဝန်ထမ်း၊ နိုင်ငံ့ဝန်ထမ်းများ၊ ဈေးသည်များ၊ Volunteerများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ တည်းခိုခန်းဝန်ထမ်းများ၊ ပို့ဆောင်ရေးဂိတ် ဝန်ထမ်းများအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေးခြင်းကို ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမစုရပ်၌ ယမန်နေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။