မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကျင်းပ

မော်လမြိုင် ဩဂုတ် ၁၀ မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများအတွက် အလှူငွေနှင့် ကျန်းမာရေးသုံးပစ္စည်း များပေးအပ်လှူဒါန်းခြင်းနှင့် ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မော်လမြိုင်မြို့၊ ပြည်နယ် ခန်းမတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ မွန်ပြည်နယ်အစိုးရ အဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ပရဟိတလူမှုအဖွဲအစည်းများ တက်ရောက်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း(မွန်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဥက္ကဋ္ဌ) က အဖွင့်အမှာစကား ပြောကြား ရာ၌ မွန်ပြည်နယ်တွင် ဇူလိုင်လဆန်းပိုင်း မှစတင်၍ ကိုဗစ်- ၁၉ တတိယလှိုင်းစတင်ရိုက်ခတ်ခဲ့ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအထက်ပိုင်းမှ စတင်ဖြစ်ပွားခဲ့ပြီး မော်လမြိုင်တက္ကသိုလ်နှင့် ဘူတာများတွင် ဖြစ်ပွားမှုနှုန်း များပြားခဲ့ကြောင်း၊ ထို့ကြောင့်လိုအပ်သည့် အောက်စီဂျင်များ၊ လိုအပ်သည့်အထောက် အကူပြုပစ္စည်းများကို ဝိုင်းဝန်းကူညီပေးသည့်အတွက်များစွာ ကျေးဇူးတင်ရှိကြောင်း၊ ထို့အတူ မော်လမြိုင်ဆေးရုံကြီးတွင် တန်၂၀ အောက်ဆီဂျင် အရည်ကို ယခုတစ်ပတ် အတွင်းအကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်သည့်အပြင် အခြားမြို့နယ်များတွင်လည်း အလှူရှင်များ၏ ကူညီပံပိုးမှုဖြင့် အောက်ဆီဂျင်စက်ရုံများကို ဆောက်လုပ်နိုင်ပြီး ဖြစ်ကြောင်း၊ နိုင်ငံတော် အနေဖြင့် ဆေးပစ္စည်းများ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းအား အကောက်ခွန်များ လျော့နည်းစေရေးအတွက် လိုအပ်သည်များဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယနေ့လှူဒါန်းပေးကြသော အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အလှူရှင်များအား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားသည်။ ဆက်လက်၍ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည် မိသားစုများမှ လှူဒါန်းသည့် ငွေကျပ်(၁၇၄၆၈၀၀)တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား တိုင်မှူးဗိုလ်ချုပ် ကိုကိုမောင်က ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော် လင်းထွန်းက လက်ခံရယူပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဥပဒေချုပ်၊အတွင်းရေးမှူးတို့မှ အလှူရှင်များလှူဒါန်းသည့် အထောက်အကူပြု ပစ္စည်းများအား လက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်သည်။ ဆက်လက်ပြီး ပရဟိတလူမှုအဖွဲ့အစည်းများအား ကျန်းမာရေး အထောက် အကူပြုပစ္စည်းများ နှင့်အင်အားဖြည့်ရိက္ခာများပေးအပ်ပြီးOxygen Concentrator (၅)လုံးအားပြည်သူ့ကျန်းမာရေးဦးစီး ဌာနသို့ လွှဲပြောင်းအပ် ကာလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ ဗိုလ်မှူးကြီး နေထွဋ်ဦး (မွန်ပြည်နယ်ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ အတွင်းရေးမှူး)က ကျေးဇူးတင် စကားပြန်လည် ပြောကြား သည်။ မွန်ပြည်နယ်တွင် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးကော်မတီ သို့လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများမှ လှူဒါန်းသည့် ပစ္စည်းတန်ဖိုးငွေကျပ် (၁၈၄၄၆၈၈၀၀)နှင့် ငွေသားလှူဒါန်းငွေကျပ် (၄၂၈၁၈၀၀၀) စုစုပေါင်း အလှူငွေကျပ် (၂၂၇၂၈၆၈၀၀)လက်ခံရရှိကြောင်း၊မွန်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မွန်ပြည်နယ် ကိုဗစ်-၁၉ကာကွယ် ထိန်းချုပ်ရေးအတွက် အဘက် ဘက်က ထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ စေတနာရှင်၊အလှူရှင်များကလည်း ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။