ခင်ဦးမြို့နယ်အတွင်းရှိ လူဦးရေ (၃၄၉၉)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အောင်မြင်စွာထိုးနှံပြီးစီး

ခင်ဦး၊ ဩဂုတ် ၁၀

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ အသက် (၆၅)နှစ်နှင့် အထက် ပုဂ္ဂိုလ်များနှင့် ဦးစားပေးအဆင့်အလိုက် (၅) နေရာခွဲပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကိုထိုးနှံပေးခဲ့ရာ ဩဂုတ်လ ၉ ရက်နေ့က (၃၄၉၉) ဦးကို အောင်မြင်စွာထိုးနှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။

 

ခင်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ (၃) ရက်နေ့ (၄) ရက်နေ့၊ (၇) ရက်နေ့၊ (၈) ရက်နေ့နှင့် (၉) ရက်နေ့ တို့တွင် မြို့နယ်ဓမ္မာရုံ၊ အထက၊ မြို့နယ်စည်ပင်သာယာရုံး၊ ပြည်သူ့ဆေးရုံ(မိခင်နှင့်ကလေး ကျန်းမာရေးဌာနနှင့် မြကန်သာ(အမက) တို့တွင် ထိုးနှံပေးခဲ့ရာ အသက် (၆၅)နှစ်နှင့် အထက် (၈၉၂) ဦး၊ သံဃာတော်၊ သီလရှင်၊ ဘာသာရေးပုဂ္ဂိုလ် (၁၉၇) ဦး၊ နိုင်ငံ့ဝန်ထမ်း (၅၉၆) ဦး၊ ပရဟိတလူမှုရေးအသင်းမှ (၅၁၆) ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ (၈) ဦး၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်း (၁၀) ဦး၊ ဈေးသူဈေးသား (၁၂၈၀) ဦး စုစုပေါင်း (၃၄၉၉) ဦးကို အောင်မြင်စွာထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံက သိရသည်။

           

စိုးဝေအောင်(ခင်ဦး)