သတင်းများ

သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပြီးသူ ၃၃၀၈ ဦးရှိ၊ ညောင်ရမ်းတိုက်နယ်ကျေးရွာများ၌ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 08,2021
မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ဩဂုတ် ၇ ရက်ထိ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံ ပြီးသူ ၃၃၀၈ ဦးရှိပြီ ဖြစ်ကြောင်းနှင့် ယနေ့ နံနက်ပိုင်းက  ညောင်ရမ်းတိုက်နယ်ကျေးရွာများမှ အသက် ၆၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ညောင်ရမ်းအခြေခံပညာအထက်တန်းကျောင်း၌  ကာကွယ်ဆေး   ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။  
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ မိဘမဲ့ဂေဟာများအတွက် စားသောက်ကုန် များထောက်ပံ့ပေးအပ်
Aug 08,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ လားရှိုးမြို့ရပ်ကွက်(၁)၊ နယ်မြေ(၉)အတွင်းရှိ ခါနန် AG လူမျိုးပေါင်းစုံအလင်းအိမ်မိဘမဲ့ဂေဟာနှင့် တာပုံကျေးရွာရှိ ချစ်ခြင်းမေတ္တာ မိဘမဲ့ဂေဟာသို့ ယနေ့နံနက်(၁၀)နာရီအချိန်က သွားရောက်၍ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်းကိစ္စနှင့် ကျန်းမာရေးကိစ္စများအတွက် ဆန်၊ ဆီ၊ ပဲ ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်း
Aug 08,2021
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း လွိုင်ကော်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းကွမ်းကိစ္စနှင့် ကျန်းမာရေး ကိစ္စများ အတွက် ဆန် ၊ ဆီ ၊ ပဲ ၊ ကြက်ဥများနှင့် ကိုဗစ်-၁၉ အကာအကွယ်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီက အဆိုပါ စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများသို့ သွား ရောက် လှူဒါန်းခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်ဆီဂျင်အိုး 40 L ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများထောက်ပံ့ပေးအပ်
Aug 08,2021
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကိုဗစ် ၁၉ ရောဂါကာကွယ်ရေး၊ ဆိပ်ဖြူမြို့နယ်အတွက် သြဂုတ်လ ၇ ရက်နေ့နေ့လယ် ၁၂ နာရီက မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ယူရရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံသို့  လွှဲပြောင်းပေးအပ်သည်။
မြောက်ဦးမြို့နယ်အတွင်းရှိ ပြည်သူများအား (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံ
Aug 08,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်အထက်သက်ကြီး ရွယ်အိုများနှင့်မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ ကျေးလက်နေပြည်သူများအား ကာကွယ်ဆေး ထိုးနှံရန် စုရပ်နေရာများဖြစ်သော
သံဖြူဇရပ်မြို့နယ်၌ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို(၁၀)ရက်မြောက်နေ့အဖြစ်ဆက်လက်ထိုးနှံ
Aug 08,2021
မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကိုထိုးနှံပေးလျက်ရှိရာယနေ့နံနက်၉နာရီကကာကွယ်ဆေးထိုးနှံသည့်စုရပ်၅နေရာ၌(၁၀)ရက်မြောက်နေ့အဖြစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်အတွင်းရှိ ဆဒ္ဒန်ရေလှောင်တမံရှိရေပိုလွှဲမှရေများကျော်ကျ၍ အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင်အလံစိုက်ထူ အသိပေး
Aug 08,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းရှိဆဒ္ဒန်ဆည်၊ ပုလင်းဆည်၊ စွန်ဆည် ဘုတ်ချောင်း ဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံသည် ယနေ့နံနက်ပိုင်းကစတင်၍ ရေပိုလွှဲမှရေများ ကျော်ကျ လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနက သိရသည်။
မုံရွာခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm စုစုပေါင်းလူဦးရေ(၁၂၈၈၀)ဦး ထိုးနှံပြီးစီး
Aug 08,2021
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၂၀၀၀) လုံး၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်များအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm (၁၀၀၀)လုံးစီ