ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပြင်ဦးလွင်  ဩဂုတ် ၁၀   

  

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်‌ဆေးထိုးနှံပေးခြင်းကို  ယနေ့နံနက် ( ၉) နာရီမှ စတင်ပြီး  မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ သတ်မှတ်နေရာအသီးသီးတို့တွင် ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည် ။

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ  မြို့ပေါ်ရပ်ကွက်များနှင့်  ကျေးရွာအုပ်စုများတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  မထိုးနှံရသေးသည့် အသက် ( ၆၅ ) နှစ်နှင့်အထက် သက်ကြီး ရွယ်အိုများအား မိမိတို့ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် ကာကွယ်ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်ပြီး  အပူချိန်တိုင်းတာခြင်း၊ စာရင်းများရေးသွင်းခြင်းနှင့် ကျန်းမာရေးဆိုင်ရာများ စစ်ဆေးခြင်း  စသည့်  ကျန်းမာရေးညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ပြီး   တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ နှင့် စေတနာ့ဝန်ထမ်းများပူးပေါင်းကာကာကွယ်ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်းဖြင့် မိမိတို့ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် ရရှိသော  ဆေးလုံးအရေအတွက်အတိုင်း  ဆက်လက်ထိုးနှံပေးလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဉီး၏ ပြောကြားချက်အရ သိရှိရသည်။