သတင်းများ

ဟင်္သာတခရိုင်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး( ၁၀/၂၀၂၁ )ကျင်းပ
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက် သွားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၁)ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပသည်။
ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများနှင့်အရေးပေါ်လူနာများအတွက် OXYGEN CONCENTRATOR စက်(၁)လုံးကို ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ လှူဒါန်း
Aug 11,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် အရေးပေါ်လူနာများအတွက် အောက်စီဂျင် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ငွေကျပ်(၁၇)သိန်းတန်ဖိုးရှိ OXYGEN CONCENTRATOR စက်(၁)လုံးကို အလှူရှင်များ စုပေါင်းကာ အဆိုပါဆေးရုံကြီးသို့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 11,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၆/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
ဘီးလင်းမြို့နယ်ရှိ လူမှုကူညီရေး ပရဟိတအဖွဲ့များသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်
Aug 11,2021
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးလျက်ရှိသော ပရဟိတအဖွဲ့များသို့ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေး ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်
Aug 11,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်းချက် များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်ကျန်ရှိနေသေးသည့် ပြည်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 10,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သြဂုတ်လ(၁) ရက်နေ့မှစတင်၍ စုရပ်နေရာအသီးသီးတွင် ထိုးနှံပေးလျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅)နှစ်အထက် အဘိုးအဘွားများနှင့် ဆေးထိုးရန် ကျန်ရှိနေသေးသည့်ပြည်သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်း ကျောင်းရှိ စန္ဒကူးခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
စစ်ကိုင်းတောင်ရိုး ဟံသာဂီရိကျောင်းတိုက် ဆရာတော်ဘုရားကြီးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကျောင်းတိုက်အရောက် ထိုးနှံပေး
Aug 10,2021
စစ်ကိုင်းတောင်ရိုးရှိ သီတင်းသုံးနေထိုင်တော်မူကြသော သက်ကြီးဆရာတော်ကြီးများနှင့် သီလ ရှင်ဆရာကြီးများအား ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော် မတီမှ အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ကျောင်းတိုက်များအရောက် သွားရောက်ကာ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
ကျောက်တော်မြို့၌ ရဟန်းရှင်လူပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Aug 10,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ကျေးလက်နေပြည်သူများအား လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာ ကွယ်တားဆီးနိုင်ရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ယမန်နေ့