စစ်ကိုင်းတောင်ရိုး ဟံသာဂီရိကျောင်းတိုက် ဆရာတော်ဘုရားကြီးအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကျောင်းတိုက်အရောက် ထိုးနှံပေး

စစ်ကိုင်း ဩဂုတ် ၁၀

စစ်ကိုင်းတောင်ရိုးရှိ သီတင်းသုံးနေထိုင်တော်မူကြသော သက်ကြီးဆရာတော်ကြီးများနှင့် သီလ ရှင်ဆရာကြီးများအား ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော် မတီမှ အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ကျောင်းတိုက်များအရောက် သွားရောက်ကာ ကာကွယ်ဆေးများ ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။

"စစ်ကိုင်းတောင်ရိုးရှိ ဟံသာဂီရိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ နန္ဒဝံသ ဆရာတော်ဘုရားကြီး က သက်တော်(၉၀)နှစ်၊ ဝါတော်(၇၀)နှစ်ရှိပါပြီ ဒါကြောင့် ကျောင်းတိုက်အရောက် အခုလို ကာကွယ်ဆေး ထိုးနှံပေးရခြင်းဖြစ်ပါတယ် ဆက်လက်ပြီးတော့လည်း မိဂဒါဝုန်ချောင် ဆရာကြီး ဒေါ်ပုညကာမီ ကလည်း သက်တော်(၇၅)နှစ်ရှိပြီဖြစ်တဲ့အတွက် စုရပ်နေရာမှာ ကြွရောက်တော်မူရတဲ့အခါ အခက်အခဲ ရှိလို့ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့်ညှိနှိုင်းဆွေးနွေးပြီး ကျောင်းတိုက်များအရောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရခြင်းဖြစ်ပါတယ်"ဟု ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောပြ၍သိရသည်။ ဇော်မြင့်နိုင်