ဘီးလင်း ဩဂုတ် ၁၁
သထုံခရိုင် ဘီးလင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက် ပေးလျက်ရှိသော ပရဟိတအဖွဲ့များသို့ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေဦးစွာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက ပရဟိတအဖွဲ့များနှင့် တွေ့ဆုံ၍ မိတ်ဆက်စကား ပြောကြားပြီး ပရဟိတအဖွဲ့များက လူမှုရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးနေမှုအခြေအနေနှင့် အခက်အခဲများကို ရှင်းလင်းတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့သည်။
ယင်းနောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သော PPE ဝတ်စုံ အစုံ(၁၃၀)လက်အိတ်အစုံ(၅၀)ပါ (၈)ဖာနှင့် Mask(၅၀)ပါအထုတ်(၄၀)တို့ကို ပရဟိတအဖွဲ့(၈)ဖွဲ့မှ တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ဘီးလင်း(ပြန်/ဆက်)