ကျောက်တော်မြို့၌ ရဟန်းရှင်လူပြည်သူများအား (Sinopharm) COVID-19 ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ကျောက်တော် ဩဂုတ် ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်အထက် သက်ကြီး ရွယ်အိုများ၊ ကျေးလက်နေပြည်သူများအား လတ်တလော အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကိုဗစ်- ၁၉ ကူးစက်မြန်ရောဂါကြိုတင်ကာ ကွယ်တားဆီးနိုင်ရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထုတ်(Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ယမန်နေ့ နံနက် ၈ နာရီက သတ်မှတ်စုရပ်နေရာတွင် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံရာတွင် ကျောက်တော်မြို့နယ်အတွင်းရှိ သရက် တပင်ကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ မဟာမုနိတိုက်ပွဲရှောင်စခန်းများရှိပြည်သူများအား သရက် တပင်အခြေခံပညာ အထက်တန်းကျောင်းစုရပ်၌ လည်းကောင်း၊ ကန်စောက်ကျေးရွာ အုပ်စု နှင့် ဝါးတောင်ကောင်မင်းကုလားစစ်ဘေးရှောင်စခန်းမှ ရဟန်းရှင်လူပြည်သူများအား ကန်စောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းစုရပ်တို့၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထုတ် (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။ ထို့နောက် ကျောက်မြို့နယ်ပြည်သူ့ ကျန်းမာရေးဝန်ထမ်းများက (Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျေးရွာအုပ်စုများရှိ ရဟန်းရှင်လူပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ပုံမှန်အနေအထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူများကို မိနစ် ၃၀ ခန့် အနား ယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ယနေ့အထိ ကျောက်တော်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ ပေးပြီးသူ (၆၄၂၂) ဦးအား (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးပြီးကြောင်း သိရှိ ရသည်။ ခင်မောင်ထွန်း