တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူး ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ Videoconferncing ဖြင့် တွေ့ဆုံဆွေးနွေး

ထားဝယ် သြဂုတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ Videoconferncing ဖြင့် ယနေ့နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုက အုပ်ချုပ်ရေးမှူးများအနေဖြင့် နိုင်ငံတော် အိမ်စောင့်အစိုးရက ချမှတ်ထားသော မူဝါဒ၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါသည် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ကာကွယ်၊ ကုသရေးသည် အဓိက အရေးကြီး ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့မှုနှုန်းများသော ရပ်ကွက်များကို ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ လော့ဒေါင်း ချသင့်ပါက ချရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါသည် ဒေသဖွံ့ဖြိုးတိုးတက်မှုကို  နှောင်းနှေးစေကြောင်း၊ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း။ သေဆုံးမှုနှုန်း ကျဆင်းအောင် ကြိုးစားဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ယခုကာလအတွင်း ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးခဲ့ကြပြီး ခရိုင်၊မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် ဒေသအတွင်း ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ စိစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေ ၊ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိသည်။

ကျော်ကျော်လတ်