ပုသိမ် သြဂုတ် ၁၈
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ် (၂) နာရီအချိန်ခန့်တွင် ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသို့ သွားရောက်ကာ ဥစားကြက်မွေးမြူရေးခြံကို လည့်လည်ကြည့်ရှုရာ မွေးမြူရေးခြံပိုင်ရှင် ဦးဇင်အောင် က ဥစားကြက်အကောင်ရေ(၉၀၀၀)မွေးမြူထားကြောင်း၊ တစ်ရက်ပျမ်းမျှ ကြက်ဥထုတ်လုပ်မှု (၅၀၀၀/ ၆၀၀၀) ခန့် ထွက်ရှိကြောင်းနှင့် ကိုယ်ပိုင်အစာစပ်စက်ရုံမှ မွေးမြူရေးအစားအစာများ ထုတ်လုပ်နိုင်ခြင်း ကြောင့် စျေးကွက်သို့စျေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က မွေးမြူရေးလုပ်ငန်း အတွက် ဆေးဝါးများထောက်ပံ့ပေးအပ်ခဲ့ရာ ဥစားကြက် မွေးမြူရေး ခြံပိုင်ရှင်ဦးဇင်အောင် ကလက်ခံရယူခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဝန်ကြီးချုပ်မှ Oxygen Concentrator 10 L (၂)လုံး၊ Oxygen-40 L(၄)လုံး၊ KN95 (၂၀၀)ခု၊ Favipiravir 400mg (၁၀၀)ခု၊ Enoxaparin (၁၀)ခု၊ PPE(၁၀၀) စုံနှင့် ဆေးရုံဝန်ထမ်း များအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ကိုတွတ်