ကလေး ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် နိုင်ငံဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို စုပေါင်းရုံး (OSS)၌ မြို့နယ် ကျန်းမာရေး၏ ကာကွယ်ဆေးထိုးအဖွဲ့မှ လူပေါင်း(၂၉၅)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ယခုထိုးနှံပေးသောဆေးအမျိုးစားမှာ တရုတ်နိုင်ငံထုတ် (Sinopharn) အမျိုးစားဖြစ်ပြီး ယနေ့ဆေးထိုးသူများမှာ (၁၇-၇-၂၀၂၁) ရက်နေ့တွင် ပထမအကြိမ် ထိုးနှံခဲ့ပြီး ယနေ့တွင် ဒုတိယအကြိမ် ထပ်မံထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များ နှင့်အညီ တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာဝေး စီစဉ်ထားရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဒေသခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လူမှုပရဟိတအသင်းများမှ လိုအပ်သည်များ စောင့်ကြည့်ကူညီပေးခဲ့ကြကြောင်း သိရသည်။
မောင်ကျော်