စစ်ကိုင်းတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့သော အောက်ဆီဂျင်အိုး၊ စက်နှင့်ဆက်စပ်ပစ္စည်းများ ရောက်ရှိ

ကန့်ဘလူ  ဩဂုတ်  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်တွင် အောက်ဆီဂျင်လိုအပ်နေသော ပြည်သူများအတွက် အသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော အောက်ဆီဂျင်အိုး၊ စက်နှင့် ဆက်စပ်ပစ္စည်းများ ယနေ့နံနက် က ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာနေမိုးနှင့် တာဝန်ရှိသူများသည် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ  တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ကန့်ဘလူမြို့နယ်အတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး အလုံး ၂၀ (အောက်ဆီဂျင်ဖြည့်ပြီး)၊ အောက်ဆီဂျင်စက် ၅ လုံး၊ အောက်ဆီဂျင် ဆလင်ဒါနှင့် ဆက်စပ်ပစ္စည်းများဖြစ်သော Flow meter ၂၀ ခုကိုလည်းကောင်း၊ ကျွန်းလှမြို့နယ်အတွက် ၄၀ လီတာ အောက်ဆီဂျင်အိုး ၁၀ လုံး (အောက်ဆီဂျင်ဖြည့်ပြီး)၊ အောက်ဆီဂျင်စက် ၅ လုံး၊ အောက်ဆီဂျင်ဆလင်ဒါနှင့်ဆက်စပ်ပစ္စည်း Flow meter ၂၀ ခု တို့ကိုလည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကန့်ဘလူမြို့နယ်ရှိ မြို့ဦး ပရိယတ္တိစာသင်တိုက်၊ မြို့ရှေ့ကျောင်း၊ မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက်နှင့် နတ်ပေးဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်ကာ ဆရာတော်များအား ဖူးမျှော်ကြည်ညို၍  လှူဖွယ်ပစ္စည်းများဖြစ်သည့် ဆန်တစ်အိတ်၊ ဆီတစ်ပုံး၊ ယမ်ယမ် တစ်ဖာအား ဆေးများနှင့်ဝတ္ထူငွေများ အသီးသီးဆက်ကပ်လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)