သတင်းများ

မိုးညှင်းမြို့၌ မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Aug 15,2021
ကချင်ပြည်နယ် ၊မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မြေပြိုဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးအနေဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့ နံနက်(၈)နာရီခန့်က မြို့ပတ်လမ်းအနီးတွင် ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ညောင်ဦးမြို့နှင့်ပုဂံမြို့ ဈေးကွက်အတွင်းရှိ ဆေးနှင့်ဆေးဝါး အထောက်အကူပြု ပစ္စည်းများရောင်းချမှု ဈေးကွက်အခြေအနေ ကွင်းဆင်းစစ်ဆေး
Aug 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နှင့်ပုဂံမြိုရှိ စူပါမားကတ်များ၊စတိုးဆိုင်များနှင့် ဈေးကြီးများအတွင်း ဆေးနှင့်ဆေးပစ္စည်း ရောင်းချသောဆိုင်များအား ညောင်ဦးမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်စည် ပင်သာယာရေးအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၉နာရီ အချိန်မှစတင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်က ပြောကြား သည်။
စဉ့်ကိုင်မြို့နယ် ပင်းချားကျေးရွာတွင် ရေစင်ရုံတည်ဆောက်နေမှုအားကွင်းဆင်းစစ်ဆေး
Aug 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျေးရွာများ သောက်သုံးရေ လိုအပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးစီးဌာန အနေဖြင့် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ပင်းချား ကျေးရွာတွင် ရေစင်ရုံတည်ဆောက်နေမှုအား ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း သိရသည်။
မြင်းမူမြို့နယ်တွင် အောက်စီဂျင်စက်ရုံအဆောက်အဦ တည်ဆောက်လျှက်ရှိရာ အလှူရှင် မိသားစုမှ ငွေကျပ်သိန်း(၁၅၀)လှူဒါန်း
Aug 15,2021
ကိုဗစ်ရောဂါဖြစ်ပွားပြီး အသက်ရှူဝေဒနာခံစားနေရသူများအတွက် ဆေးကုသမှုခံယူရန်အရေးပေါ် လိုအပ်လျှက်ရှိသည့် အောက်စီဂျင်စက်ရုံအား စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းခရိုင်မြင်းမူမြို့နယ်၊ ထီးဆောင်းစံပြကျေးရွာ ရွှေရတုတိပိဋက စက္ခုပါလမျက်စိ ဆေးရုံဝင်းအတွင်းအဆောက်အဦ စတင်တည်ဆောက်နေပြီဖြစ်ရာ မြင်းမူမြို့၊ အသောကရပ်ကွက်နေ အလှုရှင်ဒေါ်ခင်မမော်အားရည်စူး၍ ဦးမျိုးညွန့်(သမီး) မချစ်စု၊ မမိုးကြည်မိသားစုမှ ငွေကျပ်သိန်း(၁၅၀)လာရောက် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ နှင့်ထောက်ပံ့ငွေများ ပေးအပ်
Aug 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဆားလင်းကြီးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ယမန်နေ့ညနေ ၄နာရီ ၃၀မိနစ်အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသာခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ကျွန်းစုမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်
Aug 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မြန် တတိယလှိုင်းမျိုးရိုးဗီဇ ပြောင်းလဲသော  ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့်  ကာကွယ်ရေး နည်းလမ်း မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍    ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။   
ကျောက်ထု မြို့ရှိ  ဥယျာဉ်ခြံမြေများတွင် တစ်ပိုင်တစ်နိုင် ( ဝဥ ) စိုက်ပျိုး
Aug 15,2021
မကွေးတိုင်းဒေသကြီး ၊ ဂန့်ဂေါခရိုင် ၊ကျောက်ထုမြို့ ဒေသရှိ ဥယျာဉ်ခြံမြေများတွင် ဝဥ ကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြရာ ( ဝဥ ) အရွက်သီးမျိုးစေ့ တစ်ပိဿာ လျှင် ( ၁၅၀၀၀ ) ကျပ်ဖြင့် အအေးပိုင်းဒေသရှိ ချင်းပြည်နယ် မှ တစ်ဆင့် ဝယ်ယူ စိုက်ပျိုးကြကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ကိုဗစ်-၁၉ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ ၇၂၃ ဦးအထိရှိလာ
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိကာ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၇၂၃) ဦးအထိ ရှိလာပြီဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။