သတင်းများ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Aug 15,2021
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိစေရန် စသည့် ဦးစီးဌာန၏မူဝါဒနှင့်အညီ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲအား ကိုဗစ်-၁၉ ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ယမန်နေ့က သာပေါင်းမြို့နယ် စီမံ အုပ်ချုပ်ရေးရုံး၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဆိုင်များအား ကွင်းဆင်းစစ်ဆေး
Aug 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ကိုဗစ် - ၁၉ရောဂါ ကူးစက်မှုမြင့်မားနေသည့် ကာလတွင် စျေးကွက်အတွင်း ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးဆေးဝါး၊ ဆေးပစ္စည်းနှင့် အထောက်အကူပြုပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန်စေရေး တို့အတွက် ရည်ရွယ်၍ မြို့နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့်ရေးအဖွဲ့မှ ယမန်နေ့နံနက် ၉နာရီခွဲအချိန်က သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ ဆေးဆိုင်၊ စျေးဆိုင်၊ စားသောက်ကုန် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သီပေါမြို့၌ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Aug 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၌ ကိုဗစ်-၁၉ရောဂါဆိုင်ရာကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အရည်အသွေး မပြည့်မီသောစံမညီဆေးဝါးများ ရောင်းချခြင်းများရှိ/မရှိကို မြို့နယ်ဆေးဝါးနှင့် ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့၌ ချောင်းရေ တိုက်စားမှုကြောင့် ပြိုကျခဲ့သည့် အရန်မီးသတ် တပ်ရင်းရုံးမြေထိန်းနံရံအား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဆောက်လုပ်ရေး ပစ္စည်းများ ထောက်ပံ့အပ်
Aug 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ အရန်မီးသတ် တပ်ရင်းရုံးဝန်ထမ်း အိမ်ယာတွင်နန့်ယွန်းချောင်းရေလျှံမှု ကြောင့် မြေထိန်းနံရံပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ဆောက်လုပ်ရေး ပစ္စည်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိစေရေး အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
Aug 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုကိုထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်ဦးစီးဌာန၊ တပ်မတော်၊‌ ထွေ/အုပ်၊ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက်အသံချဲ့စက်ဖြင့်လိုက်လံ အသိပေးကြေညာ ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငဝန်မြစ်အတွင်း ငါးသားပေါက် ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကျင်းပ
Aug 15,2021
ငါးလုပ်ငန်းဦးစီးဌာနသည် ရေလုပ်သားများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးထုတ်လုပ်မှု တိုးတက် စေရန်၊ ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်၊ သားစဉ်မြေးဆက် ငါးစားသုံးနိုင်စေရန်အတွက် သဘာဝ ရေပြင်အတွင်း ငါးသားပေါက်များ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက သာပေါင်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ငဝန်မြစ်ကမ်းနားတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြသည်။