ကျောက်ပန်းတောင်းမြို့ သုဂတိရှင်နာရေးကူညီမှုအသင်း အောင်ဆီဂျင်စက်လည်ပတ်နေမှုအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ ကြည့်ရှုအားပေး၍ အလှူငွေကျပ်သိန်း(၅၀၀)ပေးအပ်လှူဒါန်း

ကျောက်ပန်းတောင်း၊ဩဂုတ် ၁၄

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးသည် နယ်မြေခံတပ်နယ်မှူး  ဗိုလ်မှူးချုပ် ကျော်ကျော်နှင့် ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး တို့လိုက်ပါ၍ ယနေ့နံနက်၇နာရီခွဲက ကျောက်ပန်းတောင်း မြို့ သုဂတိရှင်နာရေးကူညီမှုအသင်းရုံးသို့ရောက်ရှိပြီး၊ အသင်းရုံးအစီအစဉ်ဖြင့် ဝယ်ယူဆောင်ရွက်နေသည့် အောက်ဆီဂျင်စက်လည်ပတ် ထုတ်လုပ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ၊ အောက်ဆီဂျင် စက်အတွက် အလှူငွေ ကျပ်သိန်း(၅၀၀)ပေး အပ်လှူဒါန်းရာ အသင်းတာဝန်ရှိသူများက လက်ခံရယူခဲ့ ကြသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးသည် ညောင်ဦးမြို့နယ်မှ ကျောက်ပန်းတောင်း မြို့သို့ နံနက်(၈)နာရီတွင် ရောက်ရှိခဲ့ပြီး၊ သုဂတိရှင်နာရေးကူညီမှူအသင်းရုံးသို့ သွားရောက်ခဲ့ရာ၊ အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊အသင်းအတွင်းရေးမှူးများဖြစ်ကြသည့် ဦးဌေးမြင့်နှင့် ဦးမောင်မောင်လေး တို့မှ ကြိုဆိုခဲ့ကြပြီး၊ အောက်ဆီဂျင် စက်ဝယ်ယူနိုင်ရေးစီစဉ် ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် လက်ရှိ စက်လည်ပတ်ဖြန့်ဝေပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ၊ တိုင်းမှူးနှင့်အဖွဲ့မှ စက်လည်ပတ် ထုတ်လုပ်နေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး၊အောက်စီဂျင်စက်အတွက် အလှူငွေကျပ်သိန်း (၅၀၀)ကို တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက လက်ခံရ ယူခဲ့ကြသည်။

ယင်းနောက် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးက ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်ရှိ ဆွေသဟာ ပရဟိတအသင်းအတွက် အလှူငွေကျပ်သိန်း(၅၀)၊ PPE ဝတ်စုံ(၅၀)စုံနှင့် Kask (၃၀၀၀)ခုတို့ကို ပေးအပ် လှူဒါန်းရာ အသင်းအတွင်းရေးမှူး ဦးကျော်ဌေးကလက်ခံရယူ၍ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ သည်။

အဆိုပါ အလှူငွေနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်၊ ညောင်ဦးခရိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတိုးလွင်၊ ကျောက်ပန်းတောင်း မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)