မောင်တော ဩဂုတ် ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်အတည်ပြုလူနာများအား မြို့နယ် ပြည်သူ့ ဆေးရုံ နှင့် ယာယီသီးသန့်ကုသဆောင်တို့တွင် သီးသန့်ထားရှိ၍ ကြပ်မတ်ကုသပေးလျက်ရှိရာ ဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများ အနက်မှ ၃ ဦးမှာ ထပ်မံ၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။
မောင်တောပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာများအနက် ၃ ဦးမှာ ရောဂါပိုးကင်းစင်သဖြင့် ဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်းသူများအား တာဝန်ရှိသူ များက ရောဂါပျောက်ကင်းကြောင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး ဆေးရုံဆင်း လူနာများသည် မိမိ နေအိမ်တွင် (၇) ရက် အသွား အလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ရာ ဆက်လက်ဆောင်ရွက်ရမည့်လမ်းညွန်ချက် များ အား တိကျစွာလိုက်နာကြဖို့မှာကြားခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများမှာ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသူများဖြစ်ပြီးကြောင်းသိရသည်။
ယခုအခါ မောင်တောမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၀ ရက် နေ့ မှ ဩဂုတ် ၁၃ ရက်နေ့ ညနေ ၆ နာရီ အချိန်ထိ ကိုဗစ် အတည်ပြု လူနာ စုစုပေါင်း (၄၆၈)ဦး ရှိရာ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု လူနာများအနက် (၄၃၆)ဦးမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရက်ပြည့်မြောက်ပြီး ရောဂါ လက္ခဏာ ထပ်မံပြသမှု မရှိ သဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး သေဆုံးသူ(၁၇)ဦးရှိကြောင်းနှင့် လက်ရှိ မောင်တော မြို့၌ ဆေးကုသမှုခံယူနေသူ (၁၅)ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သက်လွင်စိုး