အရာတော်မြို့နယ်တွင် စတုတ္ထအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Aug 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စတုတ္ထအကြိမ်ခွဲဝေရရှိသည့် တရုတ်နိုင်ငံထုတ်(Sinopharm)ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး(၅၀၀)ကို ယမန်နေ့ နံနက်(၈)နာရီမှ ညနေ (၃) နာရီအချိန်ထိ မြို့နယ်ပြည်သူ့ဆေးရုံ ဆာဆာကာဝါခန်းမ၊ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့တွင် စုရပ်လေးနေရာ သတ်မှတ်ပြီး အဖွဲ့လေးဖွဲ့ခွဲကာ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်နှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။