ရေတာရှည်မြို့နယ်၌ ဆေးဝါးနှင့်စားသုံးကုန်ပစ္စည်းများ စျေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန် ကွင်းဆင်းဆောင်ရွက်

ရေတာရှည် သြဂုတ် ၁၅

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသ​ရေးဆိုင်ရာ ကျန်းမာ​ရေး အထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများအား စျေးနှုန်းမြှင့်တင် ဖြန့်ဖြူးရောင်းချခြင်း မပြုရန် (သို့မဟုတ်) စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သို​လှောင်ခြင်းများ မပြုလုပ်ရန် ​နေ့မနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုအား မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း ဦးဆောင်​သော မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးရေးရာဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းစစ်​ဆေး​ရေးအဖွဲ့မှ ရေတာရှည်မြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့် ကုန်စုံဆိုင် များတွင်   စျေးနှုန်းများကို ထိုက်သင့်သည့်​စျေးနှုန်းထက် မြှင့်တင်ပြီး ရောင်းချခြင်းမပြုရန်၊ ကိုဗစ်-၁၉  ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချရန်နှင့် ဆေးဆိုင်များအ​နေဖြင့် တစ်​နေကုန် ဖွင့်လှစ်ရောင်းချပေးရန် ဆွေးနွေးပြောကြားခဲ့ကြောင်း  သိရသည်။

အေးဆု