မူဆယ်တွင် အခြေခံ ပြည်သူများအတွက်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး မိသားစုကဆန်အိတ်(၁၀၀)ပေးအပ်ထောက်ပံ့ပေးအပ်

မူဆယ် ဩဂုတ် ၁၅

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များအသင်း (အာဟာရ-ဒါန)မှ ရပ်ကွက် အတွင်းရှိချို့တဲ့အိမ်ထောင်စုများ၊ လက်လုပ်လက်စားများကို ဆီ၊ဆန်၊ဆားနှင့် ထမင်း ထုပ်များကို နေ့စဉ်(၂၀၀၀ဗူးမှ ၂၅၀၀ဗူးအထိ) ဝေငှလှူဒါန်းထောက်ပံ့ပေး လျက်ရှိပါသည်။

ထိုသို့လှူဒါန်းရာတွင် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် ဇနီးမိသားစု ကယနေ့ နံနက်(၁၀)နာရီအချိန်၌ အောင်ချမ်းသာဟိုတယ်ခန်းမတွင် အရှေ့ မြောက်ပိုင်း တိုင်း စစ်ဌာနချုပ်၊ ဗိုလ်မှူးကြီးဇေယျာလင်းမှတဆင့်မူဆယ်မြို့ စီးပွားရေး လုပ်ငန်းရှင်များ အသင်း(အာဟာရ-ဒါန)သို့ပေါ်ဆန်းမွှေး(၁၀၀)အိတ်ကို အသင်းအတွင်းရေးမှူး ဦးဝင်းအောင် ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

ထိုသို့မူဆယ်မြို့တွင်း ချို့တဲ့သူ မိသားစုဝင်များအတွက် စီးပွားရေးလုပ်ငန်းရှင် အသီးသီးကလှူဒါန်း ရာတွင် မူဆယ်ကောင်းမူးတုံရပ်ကွက် ဦးမြင့်ဇော်နှင့်ဦးနေလင်ထက် ညီအစ်ကိုက ကြက်သွန်နီ ၂၀၀အိတ်(၆၀၀၀ပိဿာ)၊ဦးစိုးဝင်းနှင့်မိသားစုက ဆီပိဿာ ၆၀၀ကိုလည်းကောင်း၊ မြစ်ရွှေလီစားသောက်ဆိုင်မိသားစုက ဆန်အိတ် (၂၀)အိတ် ကိုလည်းကောင်းလှူဒါန်းကြကြောင်းသိရသည်။

အယ်လ်စိုး(မူဆယ်)