သတင်းများ

မင်းလှမြို့၌ Stay at Homeသတ်မှတ်စည်းကမ်းများနှင့်အညီ လိုက်နာမှု ရှိ/မရှိစစ်ဆေးဆောင်ရွက်
Aug 19,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊မင်းလှမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် Stay at Home သတ်မှတ် စည်းကမ်းများအား ပြည်သူများလိုက်နာမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက င်းလှမြို့တာဘောင်ကြီးလမ်း၌ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မင်းလှမြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် မြေနေရာကြည့်ရှုစစ်ဆေး
Aug 19,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဆေးရုံဝန်း အတွင်းရှိ မြေနေရာ၌ အောက်ဆီဂျင် စက်ရုံတည်ဆောက်ရန် မြေနေရာတိုင်းတာခြင်း၊ သန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အောက်ဆီဂျင်စက်ရုံတည်‌ဆောက်‌ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီခွဲ ကကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ ကြောင်းသိရသည်။
ရသေ့တောင်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက် လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
Aug 19,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀)အထက်နှင့် (၁၀၀) အောက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် လုပ်ငန်းစီစစ်ရေး အဖွဲ့တို့ပူးပေါင်း၍ သြဂုတ်  ၁၇ ရက်နေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ( ၅ )ဦးရှိပြီး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၁)ဦးရှိ
Aug 19,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ ယမန်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ် ခလရ(၂၆၃)မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၂)ဦး၊ မြို့သစ်တောင်ရပ်ကွက်မှအမျိုးသမီး (၁)ဦး၊ အနောက်ရပ်ကွက်မှ အမျိုးသမီး (၁) ဦး၊ စုစုပေါင်း(၅)ဦးတို့သည် နေမကောင်းသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အမှတ်(၆) တပ်မတော်ဆေးရုံကုတင် (၂၅ )သို့သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
တနိုင်းမြို့နယ်၌ စားသောက်ဆိုင်များအား လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး
Aug 19,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်ရှိ စားသောက်ဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယမန်နေ့ ညနေ (၅)နာရီက မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင်များ ရဲမှူးလှမြင့်၊ ဗိုလ်မှူးတေဇာအောင်၊ လဝကဦးစီးမှူး ဦးအောင်တိုး၊ ရပ်မိရပ်ဖ ဦးဇော်လွမ်းတူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းတို့က ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရန်ကုန်မြို့တွင် Quarantine Center အသစ်များဖွင့်လှစ်ရန်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဖွင့်လှစ်မည့်စင်တာများတွင် အောက်ဆီဂျင်စက်အသစ်တပ်ဆင်လည်ပတ်နေမှုများကို ကြည့်ရှုစစ်ဆေး
Aug 19,2021
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းက ကိုဗစ် ၁၉ ရောဂါ Quarantine Center အသစ်များဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဖွင့်လှစ်မည့် ကိုဗစ်-၁၉ ကုသရေးစင်တာအသစ်များတွင် အောက်ဆီဂျင်စက်အသစ် တပ်ဆင်ပြီးလည်ပတ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများအား အောက်ဆီဂျင်အရည် (အခမဲ့) လှူဒါန်းပေး
Aug 19,2021
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်းရှိ အောက်ဆီဂျင်လိုအပ်လျက်ရှိသော ပြည်သူများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ခံ၍ ​မြို့နယ်အတွင်း ပရဟိတ အသင်းများနှင့် ပူးပေါင်းပြီး အောက်စီဂျင်  10.   15. 20 လီတာဆန့် အိုးများကို တစ်နေ့လျှင် (40)အိုး အောက်ဆီဂျင်အ ရည် ဖြည့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့် မုံရွာမြို့ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Aug 19,2021
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် သြဂုတ်လ(၁၇)ရက်၊ နံနက်ပိုင်း တွင် မုံရွာမြို့၊ ကန်သာယာအနောက်ဘက်ကန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ကန်သာယာအနောက်ဘက် ကန် (၄၃.၅ ဧက) အတွင်း သန့်ရှင်းသာယာလှပရေး ဗေဒါများ ဆယ်ယူနေမှုလုပ်ငန်းများနှင့် ကန်သာယာအနောက်ဘက်ကန် ဆက်လက်ဆောင်ရွက်ရန်လိုအပ် သော ပျမ်းမျှအနက်(၄)ပေတူးခြင်းနှင့် တာဘောင်မြေဖို့ခြင်း၊ မြေညှိခြင်းလုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်းတင်ပြသည်။