မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေး

မြန်အောင် ဩဂုတ် ၁၅ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို ယမန်နေ့နံနက်က မြန်အောင်မြို့မရဲစခန်းတွင် Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အတွင်းရေးမှူး ယာယီရဲမှူး မျိုးနိုင်နှင့် မြန်အောင်မြို့မရဲစခန်း စခန်းမှူး ဒုရဲမှူးဌေးလွင်တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကြပ်မတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ မြန်အောင်မြို့နယ်ရဲတပ်ဖွဲ့ နယ်မြေရဲစခန်းများအလိုက် ချုပ်နှောင်ထားရှိသည့် အချုပ်တရားခံများကို မြန်အောင်မြို့မရဲစခန်းအချုပ်တွင် စုစည်းထားရှိပြီး ကျား (၄၄)ဦး၊ မ (၂)ဦး တို့အား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက Sinovac ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။ ဝင်းဗိုလ်