ဗန်းမောက်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၇၅၀ ဦးအား ဆက်လက်ထိုးနှံပေး

                                                                                   ဗန်းမောက် ဩဂုတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် များနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှု အစီအစဉ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်မင်းဟန်နှင့် အဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများအား ဩဂုတ် ၁၁ ရက်နေ့အထိ ထိုးနှံသူ ၃၀၀၀ ဦးနှင့် ယနေ့နံနက် လာရောက် ထိုးနှံသူ ၇၅၀ ဦး၊ စုစုပေါင်း ၃၇၅၀ ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး‌ကျော်မင်းဟန်၏ ပြောပြချက်အရ သိရသည်။

ကျော်စွာ(ဗန်းမောက်)