သတင်းများ

လဟယ်မြို့ကျလွေချောင်းရေအားလျှပ်စစ်ရေလှောင်ကန်အတွင်းမှနွံများရှင်းလင်း
Aug 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျလွေချောင်းရေအား လျှပ်စစ်ရေလှောင်ကန်ကြီးအတွင်းမှ နွံများကို လဟယ်မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဦးဆောင်၍ စက်ယန္တရား(၂)စီးဖြင့် ယမန်နေ့ကစ၍စတင် ဖယ်ရှားရှင်းလင်းလျက်ရှိကြောင်း သိရသည်။
သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေ
Aug 15,2021
            မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့နှင့် ကမ်းနားလမ်းဇက်ဆိပ်တို့တွင် လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ဆိုင်ကယ်၊ မော်တော် ကားများ မလိုအပ်ဘဲအပြင် မထွက်ရန်၊ Mask များ စနစ်တကျတပ်ဆင်ရန်နှင့် အပြင်ထွက်ခွာခွင့် ကတ်များဖြင့် သွားလာကြရန် အသိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယနှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ
Aug 15,2021
ကျေးလက်နေပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် မိသားစုဝင် ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် စဉ်ဆက်မပြတ် ဘဏ္ဍာငွေရရှိစေရန်စသည့် ဦးစီးဌာန၏မူဝါဒနှင့် အညီ သာပေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ယမန်နေ့က သာပေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးရုံး၊ ပြည်အေးခန်းမ၌ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း (VRFP) ဒုတိယ နှစ်စက်ဝန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအား ကိုဗစ်-၁၉ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြသည်။
နမ့်စန်တွင် တပ်မတော်ဆေးရုံနှင့်မြို့နယ်ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများအတွက် အဟာရဖြည့်အစားအစာများထောက်ပံ့လှူဒါန်း
Aug 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့ အမှတ်(၈) တပ်မတော်ဆေးရုံ တွင် ဆေးကုသမှုခံယူ လျှက်ရှိသော လူနာများနှင့် ကိုဗစ်-၁၉ရောဂါ ကုသမှုခံယူနေသော အရာရှိ၊စစ်သည် မိသားစုများ အတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် က ထောက်ပံ့လှူဒါန်းသော ကြက်ဥ၊ငှက်ပျောသီး နှင့် နွားနို့များကို ယနေ့နံနက် ၁၁ နာရီတွင် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ်ထူးမြတ်တိုးက အဆိုပါ ဆေးရုံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပြီး တပ်မတော်ဆေးရုံမှတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
လားရှိုး၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာလမ်းညွှန်ချက်များအား တိုင်းရင်းသားဘာသာဖြင့် လိုက်လံဆော်ဩ
Aug 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ၏လမ်းညွှန်မှုဖြင့် ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သဘာ၀ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နှင့် ‘၀’ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တို့ပူးပေါင်း၍ ဩဂုတ်လ(၁၅)ရက် နံနက်(၉)နာရီအချိန်က လားရှိုးမြို့အဝင် မုဉ်ဦး၊ မြို့လယ်အဝိုင်းပတ်တို့တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာလမ်းညွှန် ချက်များအား လိုက်လံအသိပေးဆော်ဩခဲ့သည်။
သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ အရံမီးသတ်တပ်ဖွဲ့၀င်များနှင့် အခြေခံလူတန်းစား အိမ်ထောင်စုများသို့  စားသောက် ကုန်ပစ္စည်း(၇)မျိုးအား အိမ်တိုင်ရာရောက်ပေးအပ်လှူဒါန်း
Aug 15,2021
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံလူတန်းစားအိမ်ထောင်စုများ၏ စားသောက်ရေးများ အဆင်ပြေစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့၀င်များနှင့် စေတနာရှင်များစုပေါင်းလှူဒါန်းသော  စားသောက်ကုန် ပစ္စည်း(၇)မျိုးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အိမ်တိုင် ရာရောက် လိုက်လံပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံရသူများအား နေထိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှု၊ အောက်ဆီဂျင်ပြတ်လပ်မှုမရှိစေရေး၊ စားသောက်ရေးနှင့်ကျန်းမာရေး ကိစ္စရပ်များကို ပူးပေါင်းပါဝင်ဆောင်ရွက် ပေးနေကြသည့် တာဝန်ရှိသူများအား တွေ့ဆုံမေးမြန်း
Aug 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ကိုဗစ် - ၁၉ရောဂါ ကူးစက်ခံ စားနေရသူများအား နေထိုင်ရေး၊ အောက်ဆီဂျင်ပြတ်လတ်မှုမရှိစေရေး၊ စားသောက်ရေး၊ ကျန်းမာ ရေးကိစ္စရပ်များနှင့် အခြားလိုအပ်သော ပံပိုးမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူနှင့် လူမှုရေးအသင်းအဖွဲ့များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်တွေ့ဆုံမေးမြန်းထားရှိမှုကို ရေးသားလိုက်ရပါသည်။