မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အောက်ဆီဂျင်အိုးများနှင့်ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေး

                                                                                         အထက်မင်းလှ  ဩဂုတ် ၁၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းလှမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင်အိုးများနှင့်ဆက်စပ်ပစ္စည်းဖြစ်သည့် Regular များကို ထောက်ပံ့ ပေးပို့ခဲ့ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှလက်ခံရရှိခဲ့ကြောင်းသိရသည်။

မင်းလှမြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနန်းမြင့်မားနေသည့်အတွက် ရောဂါကူးစက် ခံရသူလူနာများမှ  အောက်ဆီဂျင်ပေးနေရသည့် လူနာများပြားသော ကြောင့် အောက်ဆီ ဂျင် လုံလောက်မှုရှိစေရန် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မင်းလှမြို့နယ်အားအောက်ဆီဂျင် ၄၀ လီတာအိုး အလုံး ၂၀ နှင့် ဆက်စပ်ပစ္စည်းဖြစ်သည့် Regularဗူး ၂၀ ထောက်ပံ့ပေး ခဲ့သဖြင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှအမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ(ညောင်ခြေထောက်)သို့သွားရောက်၍အောက်ဆီဂျင်ဖြည့်ဆည်းခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးသို့ အောက်ဆီဂျင်အိုးများရောက်ရှိခဲ့သည်။အဆိုပါ ထောက်ပံ့ပေး‌‌ပို့လာသည့် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံး၂၀နှင့် Regular များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာ အောင်ရဲပိုင်ထံပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ကုသရေးစင်တာတိုက်နယ်‌ ဆေးရုံများ အရောက် ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)