နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များ ဈေးနှုန်းမှန်ကန်စွာဖြင့် ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်း ဆောင်ရွက်   

                                              နတ်မောက်   သြဂုတ်   ၁၉                                                            

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များနေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး ၊ ဆေးဝါးများ သာမန်အချိန် ရောင်းချသည့်ဈေးနှုန်းထက်ပို၍ အဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး ၊ ဈေးကွက်လိုအပ်ချက်ဆေးဝါးများသိရှိနိုင်ရေးအတွက် ယမန်နေ့ နေ့လည်ပိုင်းက မိဘမိတ္တာဆေးဆိုင်၊ ဇီဝကဆေးဆိုင်၊ ဟိဏ်း ဆေးဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှတာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ပြည်သူများအနေဖြင့် ဆေးဝါးများနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲ နိုင်ရေးနှင့်ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေး၊ တစ်ပတ်အတွင်း ရောင်းချသည့် ပမာဏထက်ပို၍ သိုလှောင်ထားခြင်း     ရှိ/မရှိဆေးဝါးရောင်းချသည့် ဆေးဆိုင်များသို့ လိုက်လံကြည်ရှုကွင်းဆင်း စစ်ဆေး ခဲ့ကြကြောင်းသိရသည်။  

သင်းသင်းမြတ် (နတ်မောက်)