ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရွာငံမြို့နယ်ပြည်သူ့ဆေးရုံအတွက် အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများလှူဒါန်း

ရွာငံ   ဩဂုတ်  ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများကို ယနေ့နံနက် (၁၀)နာရီက ပေးအပ်လှူဒါန်းသည်။   

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ Oxygenerator 10Lစက်(၁)လုံးနှင့် 40Lအိုး (၃)လုံးကို ရွာငံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးကပေးအပ်ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးသန္တာလှိုင်မှ လက်ခံရယူခဲ့ကြောင်းသိရသည်။

ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့အချိန်ထိ ကိုဗစ်-၁၉ရောဂါအတွက် လိုအပ်သော Oxygenerator စက် 10L(၂)လုံး၊ အောက်ဆီဂျင်အိုး 40L (၁၉)လုံးနှင့် အောက်ဆီဂျင်အိုး 10L (၃)လုံးရှိပြီး အောက်ဆီဂျင် ပေးအပ်ရန် လိုအပ်သည့် ကိုဗစ်လူနာများကို ကုသပေးလျက်ရှိသဖြင့် ရောဂါများ သက်သာကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ  သိရသည်။

ပြည့်ဖြိုးသန့်(ရွာငံ)