ကလေးမြို့၌ မြစ်သာမြစ်ရေ အနည်းငယ်တက်သော်လည်း စိုးရိမ်ရေအမှတ်အောက်တွင်ရှိ

 

ကလေး၊ ဩဂုတ်-၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ကလေးမြို့တွင် နေ့စဉ် မကြာခဏ ရွာသွန်းနေပြီး မိုးရေချိန်(၀.၃၉)လက်မရှိသောကြောင့် ယနေ့ နံနက်(၆;၃၀) အချိန် တိုင်းတာချက်အရ မြစ်သာမြစ်ရေသည်  (၁၁) စင်တီမီတာ  (ငါးလက်မ)ခန့် မြင့်တက်ကြောင်း ကလေးမြို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

ကလေးမြို့တွင် မိုးရွာသွန်းမှုအားကောင်းသည့် မိုးတွင်းကာလ မိုးရွာသွန်းမှုအနေဖြင့် ၂၀၂၀ ခုနှစ်တွင် စုစုပေါင်းရွာသွန်းသည့်မိုးရေချိန် ၂၆ ဒသမ ၆၅ လက်မဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် စုစုပေါင်း ရွာသွန်းသည့် မိုးရေချိန် ၂၉ ဒသမ ၁၃ လက်မအထိရှိခဲ့သည်။ မြစ်သောမြစ်(ပြင်သာ)၏ စိုးရိမ်ရေအမှတ်သည် ၁၁၀၀ စင်တီမီတာဖြစ်ပြီး ယနေ့နံနက်တိုင်းတာချက်အရ ၅၁၃ စင်တီမီတာတွင် တည်ရှိနေသောကြောင့် စိုးရိမ် ရေအမှတ်အောက် ၅၇၈ စင်တီမီတာ (၁၉ ဒသမ၂ ပေ) တွင်တည်ရှိနေကြောင်းသိရသည်။

မောင်ကျော် ခရိုင်(ပြန်/ဆက်)